KTWG Logo
Wave image
Home Media Latest News

World Teachers’ Day ကမ္ဘာ့ဆရာများနေ့ 

Posted: September 30th, 2017

ကုလသမဂ္ဂ ကမ္ဘာ့ဆရာများနေ့ ကို အရည်သွေးမြှင့် ပညာရေးအား အဆင့်ဆင့်မှ ပံ့ပိုးသင်ကြားကြသော ဆရာများ၏ အခန်းကဏ္ဍအား ဂုဏ်ပြုသော အနေဖြင့် ကျင်းပပြုလုပ်ကြပါသည်။ ဤသို့ ဆရာမများ၏ သင်ကြားမှုကြောင့် ကလေးနှင့်လူငယ်များမှာ သင်ယူလေ့လာမှု၌ပါဝင်ခွင့်ရကြပြီး မိမိတို့ ၏ ဒေသခံလူမှုအဖွဲ့ အစည်းနှင့် ကမ္ဘာ့လူမှုအသိုင်းအ၀ိုင်းအား အကျိုးပြုနိုင်ရန် များစွာအထောက်အကူဖြစ်စေပါသည်။  

Teachers are recognized for their contributions to society on World Teachers’ Day

ဆရာများနေ့ တွင် လူမှုအသိုင်းအ၀ိုင်းအား အကျိုးပြု လုပ်ဆောင်မှုများအတွက် ဆရာများအား အသိအမှတ်ပြုကြပါသည်။

လူတွေဘာလုပ်ကြပါသလဲ?

အောက်တိုဘာလ ၅ ရက်နေ့ နှင့် ထိုနေ့ ဝန်းကျင်တွင် ကမ္ဘာတလွှား နိုင်ငံအတော်များများတွင် အခမ်းအနားများအား စီစဉ်ကျင်းပကြပါသည်။ အခမ်းအနားအများစုမှာ ဆရာများအား ဂုဏ်ပြုကျင်းပခြင်းဖြစ်ပြီး လူမှုအဖွဲ့ အစည်းတစ်ခုအတွက် အကျိုးပြုလုပ်ဆောင်ခဲ့ကြသော ပုဂ္ဂိုလ်များအား ဂုဏ်ပြုကျင်းပမှုများလည်းရှိပါသည်။ ဆရာမများ၏ အရေးပါမှုနှင့် သင်ယူလေ့လာမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများ ၊ ဆရာများအတွက် သီးခြင်းသင်တန်းများ၊ တက္ကသိုလ်ကျောင်းသားများနှင့် အခြားသင်လျော်သော ကျွမ်းကျင်အတတ်ပညာရှင်များအား ဆရာသစ်စုဆောင်းမှုအတွက် တိုက်တွန်းလှုံ့ ဆော်မှုများ၊ ဆရာများအကြောင်းနှင့် ဆရာများ၏အခန်းကဏ္ဍအား မီဒီယာတွင် မြှင့်တင်လုပ်ဆောင်သော အခမ်းအနားများကျင်းပပြုလုပ်ခြင်းဖြင့်လည်း  ဆရာမများနေ့ အား ဂုဏ်ပြုကျင်းပကြပါသည်။

နိုင်ငံအတော်များများတွင် ကမ္ဘာ့ဆရာများနေ့ အား စီစဉ်ကျင်းပရာတွင် ဆရာများအား ကိုယ်စားပြုသော အလုပ်သမားအသင်းများ (သို့ ) အခြားအသက်မွေးဝမ်းကျောင်းဆိုင်ရာ အဖွဲ့ အစည်းများသည် အရေးပါသော အခန်းကဏ္ဍမှပါဝင်ပါသည်။ ထိုအဖွဲ့ အစည်းများမှာ –

ထို့ ပြင် TESOL (Teachers of English to Speakers of Other Languages) နှင့် Education International အစရှိသော နိုင်ငံတကာအဖွဲ့ အစည်းများမှ နိုင်ငံတကာအဆင့်၊ နိုင်ငံအဆင့် နှင့် ဒေသခံအဆင့် အခန်းအနားများအား စီစဉ်ကျင်းပပေးပါသည်။ အချို့ ဒေသများတွင် ပိုစတာများ ပြသထားပြီး ကျောင်းသားဟောင်းများအပါဝင် ကျောင်းသားများအား မိမိတို့ ပညာရေးအတွက် ထူခြားသော အမှတ်ရဖွယ် ကျေးဇူးပြုမှုခဲ့ကြသော ဆရာ၊ ဆရာမများထံသို့ အသိအမှတ်ပြု အီလက်ထရောနစ် ဆန္ဒပြုကပ်ပြားများ၊ စာများပေးပို့ စေပါသည်။

 

အများပြည်သူ လူမှုဘဝ

ကမ္ဘာ့ဆရာများနေ့ သည် နိုင်ငံတကာ အခန်းအနားတစ်ခုဖြစ်ပြီး အများပြည်သူ အားလပ်ရက်မဟုတ်ပါ။

နောက်ခံသမိုင်း

၁၉၆၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ၌ ကျင်းပပြုလုပ်ခဲ့သော အစိုးရချင်း တွေ့ ဆုံဆွေးနွေးသည့် ဆရာများ၏ လူမှုအဆင့်အတန်းဆိုင်ရာ အထူးညှိနှိုင်းဆွေးနွေးပွဲသည် ဆရာများ၏ လူမှုအဆင့်အတန်းနှင့်ပတ်သက်သော အကြံပြုတောင်းဆိုချက်အား UNESCO နှင့် နိုင်ငံတကာအလုပ်သမားအဖွဲ့ ချုပ် (ILO) မှ ကိုယ်စားလှယ်များ၏ သဘောတူ လက်မှတ်ရေးထိုးမှုဖြင့် အဆုံးသတ်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ တွင် UNESCO ၏ ၂၉ ကြိမ်မြောက် အထွေထွေ ညှိနှိုင်းဆွေးနွေးပွဲအား စတင်ကျင်းပခဲ့ပါသည်။ ထိုညှိနှိုင်းဆွေးနွေးပွဲကာလအတွင်း၊ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ တွင် အဆင့်မြှင့်ပညာသင်ကြားပေးနေသော ဆရာများ၏ လူမှုအဆင့်အတန်းနှင့်ပတ်သက်သည့် အကြံပြုတောင်းဆိုမှုအား အတည်ပြုခဲ့ပါသည်။

၁၉၉၄ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ တွင် ပထမအကြိမ် ကမ္ဘာ့ဆရာများနေ့ အား ဂုဏ်ပြုကျင်းပခဲ့ပါသည်။ ထိုအချိန်မှ စတင်၍  ၎င်းအခမ်းအနားအား နှစ်စဉ် အောက်တိုဘာလ ၅ ရက်နေ့ တွင် ကျင်းပကြပါသည်။ သို့ သော်လည်း မြောက်ကမ္ဘာခြမ်း ဆောင်းရာသီနောင်းပိုင်း နှင့် တောင်ကမ္ဘာခြမ်း နွေဦးရာသီ ကျောင်းပိတ်ရက်များအား ရှောင်ရှားရန် အချို့ ဒေသခံအခမ်းအနားများမှာ အောက်ဘာလ ၅ ရက်နေ့ နှင့် နီးကပ်သော အခြားနေ့ ရက်များမှာ ကျင်းပကောင်းကျင်းပနိုင်ပါသည်။ ၂၀၀၂ ခုနှစ်တွင် ကနေဒါ ပို့ စ်သတင်းစာမှ ကမ္ဘာ့ဆရာများနေ့ အား ဂုဏ်ပြုသော အထိမ်းအမှတ်အနေဖြင့် စာတိုက်တံဆိပ်ခေါင်းတစ်ခု ထုတ်ဝေခဲ့ပါသည်။

KTWG logo
The Karen Teacher Working Group (KTWG) is a community-based organization working to improve access to and quality of basic education for ethnic Karen children in Karen areas of Eastern Burma since 1997.
Copyright © 2014 - 2024 All Rights Reserved KTWG | Karen Teacher Working Group Website by BORDERMEDIA
KTWG logo