KTWG Logo
Wave image
Home Media Latest News

အပြည်ပြည်ဆိုင် ကမ္ဘာ့ ဌာနေတိုင်းရင်းသားလူမျိုးများနေ့ ၏ နောက်ခံသမိုင်းအကျဉ်း

Posted: September 23rd, 2017

ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့  ပြဌာန်းချက် အမှတ် ၄၉/၂၁၄ အရ သြဂုတ်လ ၉ ရက်နေ့ အား အပြည်ပြည်ဆိုင် ကမ္ဘာ့ ဌာနေတိုင်းရင်းသားလူမျိုးများနေ့ အဖြစ် နှစ်စဉ်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ဌာနေတိုင်းရင်းသားများ၏ လူ့ အခွင့်အရေးများအား ကာကွယ်မြှင့်တင်လုပ်ဆောင်မည့် ကော်မရှင်ခွဲဖြစ်သော ကုလသမဂ္ဂ လုပ်ရှားမှုအဖွဲ့ ၏ ပထမအကြိမ် အစည်းအဝေးဖြစ်သည့် ၁၉၈၂ ခုနှစ် သြဂုတ်လ ၉ အား ဂုဏ်ပြုသတ်မှတ်ထားခြင်းဖြစ်ပါသည်။

၁၉၉၀ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံမှ ၁၉၉၃ ခုနှစ်အား အပြည်ပြည်ဆိုင် ကမ္ဘာ့ ဌာနေတိုင်းရင်းသားလူမျိုးများနှစ်အဖြစ် ကြေညာခဲ့ပါသည်။ နောက်ပိုင်းတွင် အထွေထွေညီလာခံမှ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ ဌာနေတိုင်းရင်းသားလူမျိုးများ ဆယ်စုနှစ် (၂) စုအဖြစ် ပထမဆယ်စုနှစ် ၁၉၉၅-၂၀၀၄ (ပြဌာန်းချက် အမှတ် ၄၈/၁၆၃) နှင့် ဒုတိယဆယ်စုနှစ် ၂၀၀၅-၂၀၁၄ (ပြဌာန်းချက် အမှတ် ၅၉/၁၇၄) တို့ အားသတ်မှတ်ခဲ့ပါသည်။ ၄င်း၏ရည်ရွယ်ချက်မှာ ဌာနေတိုင်းရင်းသားလူမျိုးများ ရင်ဆိုင်ကြုံတွေ့ နေရသော လူ့ အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်၊ ဖွဲ့ ဖြိုးတိုးတက်မှု၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး နှင့် လူမှုဖွံ့ ဖြိုးတိုးတက်မှုဆိုင်ရာ အခက်အခဲ ပြဿနာများအား ဖြေရှင်းရာတွင်  နိုင်ငံတကာပူးပေါင်းလုပ်ဆောင်မှုများ ပိုမိုအားကောင်းလာစေရန်အတွက် ဖြစ်ပါသည်။

၂၀၁၄ ခုနှစ်၌ ကျင်းပခဲ့သော ဌာနေတိုင်းရင်းသားလူမျိုးများဆိုင်ရာ ကမ္ဘာ့ညီလာခံ စာတမ်း၏ တောင်းဆိုမှုအရ၊ ဌာနေတိုင်းရင်းသားလူမျိုးများ၊ ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံများ၊ ကုလသမဂ္ဂ အေဂျင်စီများနှင့် အခြားသက်ဆိုင်ရာအဖွဲ့ အစည်းများ၏ အကြံပြုချက်များဖြင့်၊ The Inter-Agency Support Group on Indigenous Issues (IASG) မှ ၂၀၁၅ ခုနှစ်တွင် ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ၊ စနစ်ကျပြီး ပိုမိုကျယ်ပြန့် သော လုပ်ဆောင်မှု စီမံချက်အား ရေးဆွဲခဲ့ပါသည်။ ဌာနေတိုင်းရင်းသားလူမျိုးများ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကြေညာစာတမ်း၏ အဆုံးသတ်၌ ဖြစ်မြောက်အောင်မြင်စေရန်၊ အဖွဲ့ ဝင်နိုင်ငံများနှင့် ဌာနေတိုင်းရင်းသားလူမျိုးများအား ကူညီထောက်ပံ့မှုများ၌ တိုးတက်ကောင်းမွန်လာစေရန် လုပ်ဆောင်ခြင်းအပါအ၀င်၊ စည်းလုံးညီညွတ်သော ချဉ်းကပ်လုပ်ဆောင်မှုတစ်ခုဖြစ်ပေါ်လာစေရန် ရည်ရွယ်ပါသည်။

ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများအား လေးစားသောအားဖြင့် ကုလသမဂ္ဂမှ နှစ်အလိုက် သတ်မှတ်ထားသော အလေးပေးလုပ်ဆောင်မှုခေါင်းစဉ်များ –

2016: “Indigenous Peoples’ Right to Education”
2015: “Post 2015 Agenda: Ensuring indigenous peoples’ health and well-being”
2014: “Bridging the gap: implementing the rights of indigenous peoples”
2013: Indigenous peoples building alliances: Honouring treaties, agreements and other constructive arrangements
2012: Indigenous Media, Empowering Indigenous Voices
2011: Indigenous designs: celebrating stories and cultures, crafting their own future
2010: Celebrating Indigenous Film Making
2009: Indigenous Peoples and HIV/AIDS
2008: Reconciliation between States and indigenous peoples
2007: Urgent need to preserve indigenous languages
2006: Indigenous Peoples: human rights, dignity and development with identity
2005: The Cause of Indigenous Peoples is Ours

KTWG logo
The Karen Teacher Working Group (KTWG) is a community-based organization working to improve access to and quality of basic education for ethnic Karen children in Karen areas of Eastern Burma since 1997.
Copyright © 2014 - 2024 All Rights Reserved KTWG | Karen Teacher Working Group Website by BORDERMEDIA
KTWG logo