KTWG Logo
Wave image
Home Media Latest News

KTWG and the QUEST Project(Burmese Version)

Posted: September 15th, 2017

ကရင်ကျောင်းဆရာများအဖွဲ့ (KTWG) နှင့် ပူးပေါင်းလုပ်ဆောင်သည့် #QUEST(Quality Cross Border Education Support in Thailand) ပရောဂျက်မှ အရင်က လုပ်ဆောင်ခဲ့ခြင်းမရှိသော ကရင်ဒေသအတွင်းရှိ ကလေးငယ်များ၏ စာတတ်မြောက်မှုနှင့် ကိန်းဂဏန်းဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှုအား လေ့လာအကဲဖြတ်နိုင်ရန် (၁၀) ရက်ကြာ အခြေခံ ဆန်းစစ်အကဲဖြတ်မှုသင်တန်းအား လွန်ခဲ့သောလ၌ ထိုင်း၊မြန်မာနယ်စပ်ဒေသတလျှောက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 
မြန်မာနိုင်ငံ ကျေးလက်ဒေသ၌ သတင်းအချက်အလက်များကောက်ခံရာတွင် Kobo စနစ်အား ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်ပါသည်။ ဤဆန်းစစ်အကဲဖြတ်မှုတွင် ခြေလျင်ဖြင့်သာ ရောက်ရှိနိုင်သော ကျောင်း (၇၀) ရှိ ကရင်ကလေးငယ်ပေါင်း (၁၄၀၀) ပါဝင်ပါသည်။ ရလဒ်အနေဖြင့် မြန်မာနိုင်ငံ ကရင်ဒေသအတွင်းရှိ ကလေးငယ်များ၏ စာတတ်မြောက်မှုနှင့် ကိန်းဂဏန်းဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှုအား မြှင့်တင်လုပ်ဆောင်နိုင်ရန် စိန်ခေါ်မှုအခက်အခဲများအား ဖြေရှင်းပေးမည့်၊ ကလေးငယ်များ၏ လိုအပ်ချက်များနှင့် လိုက်လျောညီထွေဖြစ်သည့် ပညာရေး အစီအစဉ်အား ရေးဆွဲရာတွင် အထောက်အကူပြုစေမှာဖြစ်ပါသည်။ #LWBiE(#LearningandWellbeinginEmergencies)

 

KTWG logo
The Karen Teacher Working Group (KTWG) is a community-based organization working to improve access to and quality of basic education for ethnic Karen children in Karen areas of Eastern Burma since 1997.
Copyright © 2014 - 2024 All Rights Reserved KTWG | Karen Teacher Working Group Website by BORDERMEDIA
KTWG logo